အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နွေရာသီအခြေခံ(လက်ဝှေ့၊ ဘောလုံး၊ ပြေးခုန်ပစ်) အားကစားသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်၊ ဧပြီလ(၁)ရက်။

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံ(လက်ဝှေ့၊ ဘောလုံး၊ ပြေးခုန်ပစ်) အားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က တောင်ဥက္ကလာပ မြို့နယ်ရှိ ပဒေသာအားကစားခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းလွင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက သင်တန်းနည်းပြများကိုယ်စား နည်းပြ(၂)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း နှင့် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းလွင်တို့က (လက်ဝှေ့၊ ဘောလုံး၊ ပြေးခုန်ပစ်) သင်တန်းသား/ သင်တန်းသူများအား နွေရာသီသင်တန်းဆင်းလက်မှတ်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ ပြီး သင်တန်းသား/သင်တန်းသူများအားလိုက်လံနှုတ်ဆက်၍ လက်ဝှေ့အားကစားနည်း သရုပ်ပြသခြင်းအား ကြည့်ရှုအားပေးကာ အားကစားနည်းအလိုက် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ သင်တန်းကို မတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ လက်ဝှေ့အားကစားနည်းမှ (၅၃)ဦး၊ ပြေးခုန်ပစ်အားကစားနည်းမှ (၆၂)ဦး၊ ဘောလုံးအားကစားနည်းမှ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။