အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ(ဟောင်း)၊ မြန်မာ့လက်ရွေးစင် ရေကူးအားကစားသမားဟောင်း ဦးနန္ဒကျော်စွာနှင့်အဖွဲ့လာရောက်လေ့လာ

နေပြည်တော်၊ အောက်တိုဘာ(၁၉)။

နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ ယနေ့မွန်းလွဲ (၁:၃၀)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများဖြစ်ကြသော ဦးနန္ဒကျော်စွာ၊ ဦးမြင့်အောင်နှင့် ဒေါ်ချိုချိုတင်တို့ လာရောက် လေ့လာကြည့်ရှုခဲ့ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ(ဟောင်း)၊ မြန်မာ့လက်ရွေးစင်ရေကူးအားကစားသမားဟောင်း ဦးနန္ဒကျော်စွာနှင့်အဖွဲ့သည် မြန်မာ့အားစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအားလည်းကောင်း၊ မြန်မာ့ အားကစားမော်ကွန်းခန်းမအတွင်း မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်တုများအား လေ့လာကြည့်ရှုနေစဉ် လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။