အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ခုနှစ်၊ နေပြည်တေ်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

နေပြည်တော်၊ မေ (၁၃)။

အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ နေပြည်တာ်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ (၃) နာရီခွဲတွင် နေပြည်တော် လယ်ဝေးမြို့နယ် အားကစားလေ့ကျင့်ရေးစခန်း(၂) (TC-2) ၌ ကျင်းပသည်။

အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်ကုန်းမြို့နယ်အသင်းက (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးဂိုးသမားဆုတံဆိပ်နှင့်ငွေသားဆု၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆုတံဆိပ်နှင့်ငွေသားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆုတံဆိပ်နှင့်ငွေသားဆု၊ ရှေ့တန်းအကောင်းဆုံး အားကစားသမား ဆုတံဆိပ်နှင့်ငွေသားဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားဆုတံဆိပ်နှင့် ငွေသားဆုများကို နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ရဲမှူးကြီး ကိုကိုလွင်၊ ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ တတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ် (၅)သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် လယ်ဝေးမြို့နယ်အသင်းကို နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်(၇)သိန်းကိုလည်းကောင်း၊ ပထမဆု ရရှိသည့် တပ်ကုန်းမြို့နယ်အသင်းကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က တစ်ဦးချင်းဆုတံဆိပ်ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

၂၀၂၃ ခုနှစ်၊ နေပြည်တာ်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် ပျဉ်းမနားမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်၊ အုပ်စု(ခ)တွင် တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တိုမှ မေလ ၄ ရက်နေ့မှစတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။