အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(ခွဲ)ဗိုလ်ရွေးကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ် (၁၁)ရက်။

လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် (၉:၃၀)နာရီတွင် ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(ခွဲ)ဗိုလ်ရွေးကျောင်းရှိ စုပေါင်းခန်းမ၌ “ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနား” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဥတ္တရခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှသန္တာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက “ လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ဥတ္တရသီရိမြို့နယ် အေရိုးဗစ်အားကစားအဖွဲ့မှ သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်လွင်မှ အေရိုးဗစ်သရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါ်လှသန္တာ၊ ဒေါ်နွယ်နွယ်လွင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၁၅ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။