အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)  U-18  (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၁၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (75)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲပွဲစဉ်ကို ယနေ့ မွန်းလွဲ (၃)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော Jeng Phang နော်တောင်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၆)ဂိုး၊ (၁)ဂိုးဖြင့် ယှဉ်ပြိုင်အနိုင် ရရှိသည်။    

(၁၇.၁၂.၂၀၂၂)ရက်နေ့တွင် ပြိုင်ပွဲ(၁)ရက် ရပ်နားမည်ဖြစ်ပြီး ဒီဇင်ဘာ(၁၈)ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ မွန်းလွဲ (၃)နာရီမှ စတင်၍ U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲတတိယလုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွား ကြမည်ဖြစ်၍ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် အားကစားဝါသနာရှင်များအနေဖြင့် မည်သူ မဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။