အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်း

နေပြည်တော်၊ အောက်တိုဘာလ(၁၇)ရက်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ခရီးစဉ်၌ လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ အားကစားကွင်း ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်တို့က ဇွဲကပင် အားကစားကွင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အားကစားကွင်းသည် ပြည်နယ်အဆင့်နှင့် လျော်ညီရမည်ဖြစ်ပြီး နောင်တွင် တိုးတက်လာမည့် လူဦးရေတို့ကိုပါ ထည့်သွင်းတွက်ချက်၍ ဝင်ဆံ့မှုကို ရေရှည် မျှော်တွေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားကွင်းအနီး၌ ပြည်နယ်အဆင့်နှင့် လျော်ညီသည့် မိုးလုံလေလုံအားကစားရုံအသစ်တစ်ခု ဆောက်လုပ်နိုင်ရေး၊ ဒိုင်ဗင်စင်ပါအဆင့်မီ ရေကူးကန် တည်ဆောက်ရေး လျာထားတင်ပြရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားနည်းမျိုးစုံကို အဆင့်မီစွာ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ် Sport Complex တစ်ခုကို ဖော်ဆောင်ပေးရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အားကစားကွင်းအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။