အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ်(၃၁)ရက်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Medal Hall)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ (ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ)ရှိ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများမှ (Video Conferencing)စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့သော လမ်းညွှန်ချက်များအား အခြေခံပြီးဝန်ထမ်းများ သိသင့်သိထိုက်ပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည့် အချက်များကို ထပ်ဆင့်ပြန်လည်ရှင်းလင်းပြောကြားခြင်းဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် နှလုံးသွင်း၍ ပြည်သူများအတွက်စဉ်းစားပြီး လုပ်ငန်းတာဝန်များ ကျေပွန်အောင် ကြိုးစားထမ်းဆောင်ကြရန်လိုကြောင်း၊ အကြီးအကဲခေါင်းဆောင်များသည် မိမိတို့၏လက်အောက်ငယ်သား သားတပည့်များအပေါ် တရားမျှတစွာ စီမံကွပ်ကဲအုပ်ချုပ်ပြီး မိဘများသဖွယ်စောင့်ရှောက်၍ လမ်းမှန်ရောက်အောင် သင်ကြားဆုံးမပဲ့ပြင်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အချင်းချင်းမိသားစုစိတ်ဓါတ်ထားရှိပြီး စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အဆင့်မီစံချိန်/စံညွှန်း အရည်အသွေးကောင်းမွန်သည့် အားကစားကွင်း/အားကစားရုံများအား တည်ဆောက်ပေးလျက်ရှိကြောင်း၊ အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့ပြီး ပြည်သူများလာရောက်လေ့ကျင့် ကစားနိုင်ရေးအတွက် တာဝန်ရှိသူများမှ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှ လိုအပ်ချက်များကို ကဏ္ဍပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်၍ လုပ်ငန်းတာဝန်များအား ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း GYM ခန်းမရှိ လက်ရွေးစင်အားနစ်အားကစားသမားများနှင့် တိုက်ကွမ်ဒိုအားကစားသမားများအားတွေ့ဆုံ၍ ကျန်းမာရေးသည်အရေးကြီးသည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် Injury မရရှိအောင်အထူးဂရုစိုက်လေ့ကျင့်ကြရန်လိုကြောင်း၊ နည်းပြများ၏ လေ့ကျင့်သင်ကြားပေးသည့်အတိုင်း စနစ်တကျကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှ လေ့ကျင့်ထားသည့်အတိုင်း ပြိုင်ပွဲတွင်မိမိတို့၏ အရည်အချင်း၊ အစွမ်းအစများအား ဖော်ထုတ်ပြသနိုင်မည်ဖြစ်ကြောင်း၊  ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်အထိ မဆုတ်မနစ်ဘဲ မလျော့သောဇွဲ၊ လုံ့လ၊ စိတ်ဓါတ်တို့ဖြင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။