အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန် (၁၇)ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်း သားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား” ကို ယနေ့မွန်းလွဲ(၂:၀၀)နာရီတွင် နေပြည် တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊  Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမြင့်ကြိုင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးကျော်မျိုးထွဋ်၊ ဦးစန်းလွင်၊ ဦးအောင်ကျော်ထွန်း၊ ဒေါက်တာအောင်ဇေယျနှင့် ဦးသန့်စင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ၊  ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ဌာနခွဲများမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ယနေ့ တတိယနေ့ပွဲစဉ်များအဖြစ် အမျိုးသား (၅၄-၅၈)ကီလိုတန်းတွင် အောင်ထက်မြတ် (ရန်ကုန်)နှင့် ရှိုင်းရဝေဖြိုး (ဧရာ ဝတီ) တို့မှလည်းကောင်း၊ အမျိုးသား(၄၆-၅၀)ကီလိုတန်းတွင် လင်းထက်အောင် (ရှမ်း)နှင့် မြတ်မင်းဟန်(ရန်ကုန်)တို့မှလည်းကောင်း၊ အမျိုးသား(၆၃-၆၈) ကီလိုတန်းတွင် အောင်ကောင်းခန့် (ရန်ကုန်)နှင့် စိုင်းစံမြင့်(ရှမ်း)တို့မှလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃)ကီလိုတန်း တွင် စုစုဝင်း(ရှမ်း)နှင့် ချမ်းငြိမ်းခင်(ရန်ကုန်)တို့မှလည်းကောင်း၊ အမျိုးသမီး(-၄၀)ကီလိုတန်းတွင် အောင်ဂျွန်ဖြိုး(ဧရာဝတီ)နှင့် ဝင့်သိင်္ဂီထွန်း(ရန်ကုန်)တို့မှလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား (၇၄-၈၀)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယ ဆုရရှိကြသူများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ လည်းကောင်း၊ အမျိုးသမီး (+၇၃)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းမှလည်းကောင်း၊ အမျိုးသမီး(၆၇-၇၃)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲ တတိယဆုရရှိကြသူများကို ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းလွင်မှလည်းကောင်း၊ အမျိုးသားအသင်းလိုက်သုံးယောက်တွဲ ကကွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူ များကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်မှလည်းကောင်း၊ အမျိုးသမီးအသင်း လိုက်သုံးယောက်တွဲ ကကွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှလည်းကောင်း၊ အမျိုးသား(၅၄-၅၈) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှလည်းကောင်း၊ အမျိုးသား(၄၆-၅၀) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်မှလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆကလွကပွှီး အမှိုးသား(၆၃-၆၈) ကီလိုပှိုငပွှဲတှငွ ပထမ၊ ဒုတိယနှင့ွ ပူးတှဲတတိယဆု ရရှိကှသူမှားကို နိုငငွံတောစွီမံအုပခွှုပရွေးကောငစွီအဖှဲ့ဝငွ ဦးရှှကှေိမွးနှင့ွ အမှိုးသမီး (-၄၀)ကီလို ပှိုငပွှဲတှငွ ပထမ၊ ဒုတိယနှင့ပွူးတှဲတတိယဆု ရရှိကှသူမှားကို နိုငငွံတောစွီမံအုပခွှုပရွေးကောငစွီအဖှဲ့ဝငွ ဒေါကတွာဗညားအောငမွိုးတို့မှ ဆုတံဆိပနွှင့ငွှသေားဆုမှားကိုလညွးကောငွး၊ အမှိုးသား အကောငွးဆုံးအားကစားသမားဆုရရှိသည့ွ ရှိုငွးရဝဖှေိုး(ဧရာဝတီ)နှင့ွ အမှိုးသမီးအကောငွးဆုံး အားကစားသမားဆုရရှိသည့ွ ထူးသဉဇြာအောငွ(ရနကွုနွ)တို့အား  နိုငငွံတောစွီမံအုပခွှုပရွေးကောငစွီ အဖှဲ့ဝငွ စောဒနနွီယယမွှ ဆုတံဆိပနွှင့ငွှသေားဆုကပွှ(၁)သိနွးစီအားလညွးကောငွး၊   ရှှေ(၆)ခု၊ ငှေ(၂)ခု နှင့ွ ကှေး(၃)ခုတို့ဖှင့ွ အမှိုးသမီးတံခှနစွိုကဒွိုငွးရရှိသှားသည့ွ ရနကွုနတွိုငွးဒသကှေီးအသငွးကို နိုငငွံတောစွီမံအုပခွှုပရွေးကောငစွီအဖှဲ့ဝငွ  ဦးစိုငွးလုံးဆိုငမွှလညွးကောငွး၊ ရှှေ(၇)ခု၊ ငှေ(၃)ခုနှင့ွ ကှေး(၂)ခုတို့ဖှင့ွ အမှိုးသားတံခှနစွိုကဒွိုငွးရရှိသှားသည့ွ ရနကွုနတွိုငွးဒသကှေီးအသငွးကို နိုငငွံတောွ စီမံအုပခွှုပရွေးကောငစွီအဖှဲ့ဝငွ  Jeng Phang နောတွောငမွှလညွးကောငွး၊ စုစုပေါငွး ရှှေ(၁၃)ခု၊ ငှေ(၅)ခု နှင့ွ ကှေး(၅)ခုတို့ဖှင့ွ စုပေါငွးတံခှနစွိုကဒွိုငွးရရှိသှားသည့ွ ရနကွုနတွိုငွးဒသကှေီးအသငွးကို နိုငငွံတောစွီမံအုပခွှုပရွေးကောငစွီအဖှဲ့ဝငွ  မနွးငှိမွးမောငမွှလညွးကောငွး တံခှနစွိုကဒွိုငွးဆုမှားကို အသီးသီး ပေးအပခွှီးမှှင့ခွဲ့ကှောငွး သတငွးရရှိပါသညွ။