အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန် (၁၃)ရက်။

မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းနားကို ယနေ့ နံနက်(၉)နာရီတွင်  နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌  ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးရွှေလေးနှင့် ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ဗိုလ်လုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို ရမှတ် (၁၃၂၈)မှတ်၊(၁၄၁၂)မှတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ အမျိုးသမီးပြိုင်ပွဲတွင် အတိုးတက်ဆုံးဆု ရရှိခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးလှဌေးမှလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် အတိုးတက်ဆုံးဆု ရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော် ကောင်စီနယ်မြေအသင်းတို့အား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်မှလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သည့် ရခိုင်ပြည်နယ်အသင်းအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်မှလည်းကောင်း၊ ပြိုင်ပွဲတွင် တက်သစ်စ အားကစား သမားဆုရရှိခဲ့ကြသူများကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ စိုက်ပျိုးရေး/ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ နှစ်သိမ့်ဆုရရှိခဲ့ကြသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော် ကောင်စီနယ်မြေအသင်း တို့အား ငွေသားဆု ကျပ်(၁)သိန်းစီနှင့် အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲ တွင် ပထမဆု ရရှိသည့် မန္တလေးတိုင်း ဒေသကြီးအသင်းကို ငွေသားဆုကျပ်(၁၅)သိန်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ငွေသားဆုကျပ်(၁၀)သိန်း၊ တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး အသင်းကို ငွေသားဆုကျပ်(၇)သိန်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး မှ ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို ငွေသားဆုကျပ်(၁၅)သိန်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းကို ငွေသားဆု ကျပ်(၁၀)သိန်း၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းကို ငွေသားဆုကျပ်(၇)သိန်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်မှ ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသမီး အကောင်းဆုံးဆုရရှိသော အေးအေးသန်း (မန္တလေးတိုင်း ဒေသကြီး)နှင့် အမျိုးသားအကောင်းဆုံးဆုရရှိသော ဇော်ဝင်းမောင် (ရန်ကုန်တိုင်းဒေသကြီး) အသင်း တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ဦးမောင်းဟာတို့မှ ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၁)သိန်းစီအား လည်းကောင်း၊  အမျိုးသားတံခွန်စိုက်ဒိုင်းနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဦးခင်မောင်ဆွေတို့မှ တံခွန်စိုက်ဒိုင်းဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။