အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ၂၀၂၂ ခုနှစ်၊ (၄၈)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇွန် (၆)ရက်။

လူငယ်လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့ အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ (၄၈) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးချစ်နိုင်၊ ဦးကိုကို၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်နှင့် ဒေါက်တာ ဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်း၊ ဦးသန်းအောင်ကျော်၊ ဦးစန်းလွင်၊ ဦးအေးထွန်း၊ ဒေါက်တာဇော်မြင့်၊ ဦးမျိုးလှိုင်၊ ဦးဇော်အေးမောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လက်ဝှေ့ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေး ခဲ့ကြပါသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၅၂)ကီလိုတန်းပြိုင်ပွဲတွင် လမင်းကိုကို (ရန်ကုန်တိုင်း)မှ အေးကိုဇင် (ကရင်ပြည်နယ်) ကိုလည်းကောင်း၊ အမျိုးသား (၆၄)ကီလိုတန်းပြိုင်ပွဲတွင် အောင်စိုးမိုး(မန္တလေးတိုင်း)မှ ဇွဲဝေလျှံဖြိုး(နေပြည်တော်)ကိုလည်းကောင်း၊ အမျိုးသား (၆၉) ကီလိုတန်းပြိုင်ပွဲတွင် ကျော်စွာထွန်း(မန္တလေးတိုင်း)မှ သက်ဝေ(ကရင်ပြည်နယ်) ကိုလည်းကောင်း၊ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် အောင်သူ(မန္တလေးတိုင်း)မှ စောဂလယ်ထွန့် (ကရင်ပြည်နယ်) ကိုလည်းကောင်း၊ အမျိုးသမီး (၄၅)ကီလိုတန်းပြိုင်ပွဲတွင် မြင့်ရတနာစံ (တနင်္သာရီတိုင်း)မှ ထန်နွမ်းကိမ် (မန္တလေးတိုင်း) ကိုလည်းကောင်း၊ အမျိုးသမီး (၄၈)ကီလိုတန်း ပြိုင်ပွဲတွင် သင်းသင်းခိုင် (မကွေးတိုင်း)မှ ပန်းအိဖြူ (စစ်ကိုင်းတိုင်း)  ကိုလည်းကောင်း၊ အမျိုးသမီး (၅၇)ကီလိုတန်းပြိုင်ပွဲတွင် ထက်ထက်ဝင်း(တနင်္သာရီတိုင်း)မှ ပြည့်ပြည့်ဝင်း(စစ်ကိုင်းတိုင်း) ကိုလည်းကောင်း၊ အမျိုးသမီး (၆၀)ကီလိုတန်းပြိုင်ပွဲတွင် မူစိန်မြ(ရှမ်းပြည်နယ်)မှ နှင်းသီရိစံ (မွန်ပြည်နယ်) ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား (၅၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်မှလည်းကောင်း၊ အမျိုးသား (၆၄)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်မှလည်းကောင်း၊ အမျိုးသား (၆၉)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှလည်းကောင်း၊ အမျိုးသား (၇၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုမှလည်းကောင်း၊ အမျိုးသမီး (၄၅)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်မှလည်းကောင်း၊  အမျိုးသမီး (၄၈)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းမှ လည်းကောင်း၊ အမျိုးသမီး(၅၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး မှလည်းကောင်း၊ အမျိုးသမီး(၆၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်မှလည်းကောင်း ဆုတံဆိပ် နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။          

ဆက်လက်၍ အမျိုးသားအကောင်းဆုံးအားကစားသမားဆုနှင့် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆု ရရှိသွားသည့် ရှိုင်းငယ်(ရှမ်းပြည်နယ်)နှင့် သင်းသင်းခိုင် (မကွေးတိုင်း)တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်မှ ဆုဖလားနှင့် ငွေသားဆု(၁)သိန်းကျပ်စီကို လည်းကောင်း၊ ရွှေတံဆိပ်(၃)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသွားသည့် တနင်္သာရီတိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာမှ လည်းကောင်း၊ ရွှေတံဆိပ် (၅)ခု၊ ကြေးတံဆိပ်(၁)ခုဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသွားသည့် မန္တလေးတိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် မှ လည်းကောင်း၊ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၂)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသည့် မန္တလေးတိုင်း ဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်မှလည်းကောင်း တံခွန်စိုက်ဒိုင်းဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။