အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့မှ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် အသင်းများမှ အားကစားသမားများအား ဆုချီးမြှင့်ခဲ့သည့် ဆုကြေးငွေအတိုင်း ထပ်ဆောင်းဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား

နေပြည်တော်၊ ဇန်နဝါရီလ (၂၂)ရက်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့မှ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် အသင်းများမှ အားကစားသမားများအား ဆုချီးမြှင့်ခဲ့သည့် ဆုကြေးငွေအတိုင်း ထပ်ဆောင်းဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၇)နာရီခွဲ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ (ကိုယ်စား) ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ တတိယလုပွဲ နှင့် ဗိုလ်လုပွဲ ပွဲစဉ်များတွင် အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆုကြေးငွေ နှုန်းထားများအတိုင်း ပထမဆုကျပ်(၂၅)သိန်း၊ ဒုတိယဆုကျပ်(၂၀)သိန်း၊ တတိယဆုကျပ်(၁၅)သိန်း၊ စတုတ္ထဆုကျပ်(၁၀)သိန်း၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းအားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်းအားကစားသမားဆု၊ အကောင်းဆုံးရှေ့တန်း အားကစားသမားဆုများအား ကျပ်(၂)သိန်းစီနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု ကျပ်(၃)သိန်းအား ချီးမြှင့် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊

အဆိုပါပွဲစဉ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး မြန်မာ့အားကစားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ချီးမြှင့်ပေးအပ်ခဲ့သည့် ဆုကြေးငွေနှုန်းထားများအတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ထပ်ဆောင်းပေးအပ်ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ယခုလိုပေးအပ်ချီးမြှင့်ရခြင်းမှာ အားကစားသမားများ အနေဖြင့် စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိစေလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် အားသွန်ခွန်စိုက် အားပေးဆောင်ရွက်လျက် ရှိပြီး Synthetic ပြေးလမ်းများ၊ အားကစားကွင်း/အားကစားရုံများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် အသစ်တည်ဆောက်ပေးခြင်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အားကစားသမားများ အနေဖြင့် အစွမ်းကုန်ပိုမိုကြိုးစားအားထုတ်ကြဖို့ အထူးတိုက်တွန်းမှာကြားလိုကြောင်း၊ပွဲစဉ်များ အဆင့်ဆင့် ယှဉ်ပြိုင်းကစားလာရင်း အားကစားသမားများ၏ကြိုးစားယှဉ်ပြိုင်မှုကြောင့် ပြိုင်ပွဲများပိုမိုပြင်းထန်လာခဲ့ပြီး အားပေးမှုများလည်း ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း ပြိုင်ပွဲပွဲစဉ်တစ်လျှောက် အားကြိုးမာန်တက် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများ အားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း နှင့် နောက်ပြိုင်ပွဲများတွင်လည်း ပိုမိုကြိုးစားယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးမှ စတုတ္ထဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် မွန်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ ပထမဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းနှင့် အကောင်းဆုံးဂိုးသမားဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁) မတိုးရတနာစုအားလည်းကောင်း၊ အကောင်းဆုံးနောက်တန်းအားကစားသမားဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ်(၄) မဖြူဖွေးအားလည်းကောင်း၊ အကောင်းဆုံးအလယ်တန်းအားကစားသမားဆုရရှိသည့် မွန်ပြည်နယ်အသင်း မှ ကျောနံပါတ်(၇) မအင်ကြင်းမွှေးအားလည်းကောင်း၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းမှ ကျောနံအပါတ်(၁၀) နန်းဖြူဖြူသွယ်အားလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် ကောင်းဆုံးအားကစားသမားဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၆) မလှမြတ်သူအား လည်းကောင်း အသီးသီးဆုကြေးငွေများအား ထပ်ဆောင်းချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။