အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းများ၏ ပါဝင်ယှဉ်ပြိုင်နေမှုများအား Online စနစ်ဖြင့် ကြည့်ရှုအားပေး

နေပြည်တော်၊ ဩဂုတ်(၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် မသန်စွမ်း ဘော်လီဘောအသင်းနှင့် ဖိလစ်ပိုင် အသင်းတို့၏ (အုပ်စုပတ်လည်)ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ယနေ့ဒေသစံတော်ချိန်မွန်းလွဲ (၃)နာရီ ခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။

(၁.၈.၂၀၂၂)ရက်နေ့တွင် မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်အားကစားနည်းမှ မထက်ထက်အေးသည် Discus Throw (သံပြားပစ်) ပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)ခု၊ မလောလာဝင်းသည် Long Jump (အလျားခုန်)ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခု၊ ရေကူးအားကစားနည်းမှ မောင်အောင်ဘုန်းသည် 100M Breaststroke (ဖားကူး)ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ မောင်ကျော်ထူးသည် 50M Backstroke (ပက်လက်ကူး)ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု၊ မောင်စိုးဝင်းသည် 400M Free Style (အလွတ်ကူး) ပြိုင်ပွဲတွင် ကြေးတံဆိပ် (၁)ခု ရရှိခဲ့ကြရာ (၁.၈.၂၀၂၂)ရက်နေ့၊ ညနေ(၄)နာရီအထိ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ် (၂)ခု၊ စုစုပေါင်းဆုတံဆိပ်(၅)ခု ဆွတ်ခူးရရှိထားပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။