အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင်(၂၈)ရက်။

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကို ယနေ့မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်းလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၂)ဂိုးစီဖြင့် သရေရလဒ်ဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့   ယှဉ်ပြိုင်ကစားခဲ့ကြရာ  မန္တလေးတိုင်းဒေသကြီးအသင်း က ချင်းပြည်နယ်အသင်းကို (၈)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် (၃၀.၇.၂၀၂၂)ရက်နေ့ နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌  မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မွန်းလွဲ(၃)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ မွန်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။