အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးရှိ အားကစားဥယျာဉ်စီမံကိန်း တည်ဆောက်နေမှုနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင်(၂၄)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၈)နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အားကစားဥယျာဉ်စီမံကိန်းရှိ မိုးလုံလေလုံအားကစားရုံ၊ အနောက်ဘက် အထူးတန်းပွဲကြည့်စင်နှင့် အရှေ့ဘက် ရိုးရိုးပွဲကြည့်စင် တည်ဆောက်မည့်နေရာ၌ မြေသန့် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ပန္နက်ရိုက်ခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး တိုင်းရုံးအနောက်ဘက်ရှိ မိုးလုံလေလုံအားကစားရုံတွင် လေ့ကျင့်လျက်ရှိသော စားပွဲတင်တင်းနစ် အားကစားသမားများနှင့် ဘတ်စကက်ဘော အားကစားသမားများ၏ လေ့ကျင့်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။