အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)နှင့် ပြည်နယ် တာဝန်ခံဝန်ထမ်းများအား လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင်(၂၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မွန်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးမြတ်သွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် (၈)နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမညအားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မန္တလေးရပ်ကွက်၊ ရေကူးကန်ဆောက်လုပ်မည့် မြေနေရာအားလည်းကောင်း၊ မွန်ပြည်နယ် ကျောင်းသားအားကစားကွင်းအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်အားကစားဥယျာဉ်စီမံကိန်းတွင် တည်ဆောက်လျက်ရှိသည့် အားကစားကွင်း၊ အားကစားသမားများ အိပ်ဆောင်၊ စားရိပ်သာချက်ပြုတ်သည့် အခန်းနှင့်အရာထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သို့ ဆက်လက်ထွက်ခွာခဲ့ပြီး အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ဆရာ/ဆရာမ များအား တွေ့ဆုံ၍ အားကစားသမားများအား ပညာရေးတွင် ထူးချွန်ပြီး အောင်ချက် ရာခိုင်နှုန်း မြင့်မားအောင် တွန်းတွန်းတိုက်တိုက်ဖြင့် ကြိုးစား၍သင်ကြားပြသပေးစေလိုကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)မှ အရာထမ်း/အမှုထမ်းများနှင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်းများအား တွေ့ဆုံ၍ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အထက်အောက်အပြန်အလှန် လေးလေး စားစား ပြောဆိုဆက်ဆံရန်နှင့် မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ အခက်အခဲများရှိပါက တာဝန်ရှိသူများမှ အဆင့်ဆင့်တင်ပြနိုင်ကြောင်းနှင့် တင်ပြလာမှုများအပေါ် ပေါင်း စပ်ညှိနှိုင်း၍ အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်သည် အားကစား သမားများအတွက်သာမဟုတ်ဘဲ ဝန်ထမ်းများမှလည်း အသိပညာ၊ ဗဟုသုတများ တိုးပွားအောင် သွားရောက်လေ့လာဖတ်ရှု၍ မိမိတို့၏ ဝမ်းစာများအား အမြဲတမ်းဖြည့်နေရန် လိုကြောင်း၊ ဝန်ကြီးဌာန၏ Website တွင် နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများအား ဝင်ရောက်၍ ကြည့်ရှုလေ့လာပြီး မှတ်သားထားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် ပြောဆိုနေထိုင်ဆက်ဆံကြရန်လိုကြောင်း၊ လမ်းညွှန် အမှာစကား ပြောကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ တည်ခင်းဧည့်ခံ ကျွေးမွေးသည့် အထူးနေ့လည်စာအား သင်တန်းသား/သင်တန်းသူများနှင့်အတူ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။