အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် စစ်တုရင်၊ ဘိလိယက်၊ ဗိုဗီနမ်နှင့် ခြင်းလုံး၊ တင်းနစ်၊ ဘော်လီဘော(အမျိုးသမီး)၊ ကြက်တောင်၊ ခွန်ခမာအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး

နေပြည်တော်၊ မေ (၉)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် စစ်တုရင်၊ ဘိလိယက်၊ ဗိုဗီနမ်နှင့် ခြင်းလုံး၊ တင်းနစ်၊ ဘော်လီဘော (အမျိုးသမီး)၊ ကြက်တောင်၊ ခွန်ခမာအားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်မှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online  စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲများတွင် ခြင်းလုံးအားကစားနည်းမှ အမျိုးသား (Event-4) ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီး (Event-4) ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ ဘိလိယက်အားကစားနည်းမှ English Billiards Singles (Men)ပြိုင်ပွဲတွင် ဦးပေါက်စမှ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ ဗိုဗီနမ်အားကစားနည်းမှ အမျိုးသမီး (50)kg လက်ရည်စစ်ပြိုင်ပွဲတွင် မနှင်းသက်ဝေမှ ဒုတိယ ငွေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီး ဓါးမြှောက်အတိုက်အပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်နှင့် မအိန္ဒြေဖူးတို့မှ တတိယ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီး(၂)ယောက်တွဲ ဓါးရှည်အတိုက်အပြပြိုင်ပွဲတွင် မစုဝတီဌေးနှင့် မအိန္ဒြေဖူးတို့မှ တတိယ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီး ဓါးမြှောင်နှစ်လက်အပြပြိုင်ပွဲတွင် မခိုင်ဝါဖူးမှ တတိယ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား(၄)ယောက်တွဲ လက်နက်ပါအပြပြိုင်ပွဲတွင် မောင်ထွန်းဝင်းနိုင်၊ မောင်မျိုးထက်ဇော်၊ မောင်မနားကွီးနှင့် မောင်အိုက်စိုးလင်းတို့မှ တတိယ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဘိလိယက် အားကစားနည်းမှ 6 Red Snooker Singles (Men) ပြိုင်ပွဲတွင် မောင်ဟိန်းလွင်မိုးမှ တတိယ ကြေးတံဆိပ်ဆုကိုလည်းကောင်း ဆုများ အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။