အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

နေပြည်တော်၊ မတ်(၁၄)ရက်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် တို့သည် ယမန်နေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး (2nd Coordination Committee meeting of the 6th Asian Indoor and Martial Art Games ) သို့ တက်ရောက်ခဲ့ပြီး အာရှရုံတွင်းအားကစားနည်း(၃၅)နည်းနှင့် Demonstration အားကစားနည်း(၂)နည်းတို့အား ထည့်သွင်းကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။