အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ထိုင်းနိုင်ငံ အိုလံပစ်အမျိုးသားကော်မတီ (NOCT) Deputy Secretary General၊ Modern Pentathlon Association of Thailand ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Apiwat Srivardhana နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မတ် (၁၂)ရက်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယမန်နေ့နေ့လည်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ The Grand Fourwings Hotel ဧည့်ခန်းမဆောင်၌ ၂၀၂၃ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် UIPM 2023 Southeast Asia Championships, Thailand တွင် မြန်မာနိုင်ငံမှ Modern Pentathlon အားကစားနည်း ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ အိုလံပစ် အမျိုးသားကော်မတီ (NOCT) Deputy Secretary General ၊ Modern Pentathlon Association of Thailand ၏ ဥက္ကဋ္ဌ ဖြစ်သူ Mr.Apiwat Srivardhana နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။