အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ်(၁၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဝန်ထမ်းများအနေဖြင့် အားကစားကွင်း/အားကစားရုံများအား ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာလာရောက်၍ အားကစားလေ့ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားပြိုင်ပွဲများအား စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ထားရှိပြီး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ပျော်ရွှင်စွာဖြင့် နိုင်ငံတော်မှ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ လိုက်နာထမ်းဆောင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ရုံးလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များနှင့်(ဘောလုံး၊ဘောလီဘော၊ပိုက်ကျော်ခြင်း)စသည့် အားကစားနည်းများ၏ အားကစားအထောက်အကူပြုပစ္စည်းများဖြစ်သော (ဘောလုံးဂိုးပိုက် ၊ဘောလီဘောပိုက်နှင့်ခြင်းလုံး)များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။