အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ သြဂုတ်လ (၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ညောင်တုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ရောက်ရှိခဲ့ပြီး ညောင်တုန်းမြို့နယ် ဘောလုံးကွင်း အဝင်လမ်းရှိ သစ်သားမီးတိုင်များအား ကွန်ကရစ်တိုင်များနှင့် အစားထိုး လဲလှယ်တပ်ဆင်နိုင်ရေး ဆောင်ရွက်သွားရန်၊ အားကစားရုံရှေ့ရှိ အလံတိုင်အား စတီးအလံတိုင်ဖြင့် အစားထိုးတပ်ဆင်သွားရန်၊ အားကစားရုံရှေ့ရှိ စည်းကမ်းချက် Vinyl အား Hollow ဘောင်ဖြင့် သပ်သပ်ရပ်ရပ် ပြန်လည်ပြုလုပ်ပေးသွားရန်နှင့် တာဝန်ရှိသူများကို လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ဆက်လက်ထွက်ခွာခဲ့ပြီး အားကစားရုံဘေးရှိ COVID-19 ကာလမှထားရှိသော သံကုတင်များအား ဖယ်ရှားရန်နှင့် ပျက်စီးနေသည့်အုတ်ရေစင်အား စနစ်တကျ ဖြိုချဖျက်ဆီးရန်၊ အားကစားရုံဘေးရှိမြေနေရာအား ဘော်လီဘောအားကစားနည်း အသုံးပြုလေ့ကျင့်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်နှင့် ပျက်စီးနေသည့် Outdoor Fitness များအား ပြန်လည်သိမ်းဆည်းပြီး အသစ်(၁)စုံလဲလှယ် တပ်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပန်းတနော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ရောက်ရှိခဲ့ပြီး အားကစားကွင်း/အားကစားရုံများအား ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲဆောင်ရွက်ကြရန်လိုကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ရောက်ရှိပြီး မိုးလုံ လေလုံအားကစားရုံအတွင်း ခိုငှက်များ မဝင်ရောက်စေရန်အတွက် ဝင်ရောက်နိုင်သည့်အပေါက်များအား သံဇကာဖြင့် စနစ်တကျ ကာရံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သက်လိုက်ပါ၍ ကန်ကြီးထောင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ရောက်ရှိခဲ့ပြီး ဘောလုံးကွင်း အထူးတန်းပွဲကြည့်စင် တည်ဆောက်မည့်မြေနေရာအားလည်းကောင်း၊ ပုသိမ်မြို့အဝင် ကိုးဆူကျေးရွာရှိ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်း တည်ဆောက်ရန် လျာထားသည့်မြေနေရာအားလည်းကောင်း၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း အရှေ့ဘက် ပွဲကြည့်စင်တည်ဆောက်မည့်မြေနေရာအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး (တိုင်းရုံး)ရှိ အရာထမ်း/အမှုထမ်းများနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများအားတွေ့ဆုံခဲ့ရာ တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများမှ တစ်ဦးချင်းမိတ်ဆက်၍ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများမှ ၎င်းတို့၏လုပ်ငန်းတာဝန် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် ဒုတိယဝန်ကြီးမှ ဝန်ထမ်းများအားလုံး ကျန်းမာရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ လုပ်ငန်းတာဝန်များအား ထမ်းဆောင်သွားကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များ ကျေပွန်အောင်ထမ်းဆောင်သူများအား ကျောသားရင်သားမခွဲခြားဘဲ တဆင့်မြင့်ရာထူးများအား တိုးမြှင့်ချီးမြှင့်လျက်ရှိကြောင်း၊ ရာထူးများလည်း ဒီထက်မကတိုးတက်အောင် ကြိုးစားကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ Website တွင် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများအား ဝင်ရောက်ကြည့်ရှုမှတ်သားထားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များအား သိရှိထားဖို့လိုကြောင်း၊ ဝန်ထမ်းမိသားစုအချင်းချင်း ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီး နေထိုင်သွားကြဖို့လိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။