အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ (အမျိုးသား) နှစ်ယောက်တွဲ အသင်းလိုက် ဗိုလ်လုပွဲ ပွဲစဉ်များ ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် (၁၀)ရက်။

မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူ ပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ နှစ်ယောက်တွဲ အသင်းလိုက် (အမျိုးသား) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီး အသင်းကို (၂:၀) ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၂:၀) ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

ဆက်လက်၍ နှစ်ယောက်တွဲအသင်းလိုက် (အမျိုးသား) တတိယလုပွဲ ပွဲစဉ်အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို(၂:၁)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းမှ မွန်ပြည်နယ်အသင်းကို(၂:၀)ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့မှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်းအားကစား ဝါသနာရှင်များမှ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။