အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက်၊ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းအတွက် ခင်းကျင်းပြသမည့် ပစ္စည်းများနှင့်ဓါတ်ပုံများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ(၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ ရောက်ရှိပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု ပြခန်းအတွက် သယ်ယူခင်းကျင်းပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်ပစ္စည်းများနှင့်ဓါတ်ပုံများအား သယ်ယူနိုင်ရေး စနစ်တကျထုပ်ပိုးပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ဓါတ်ပုံများအား ပြောင်းလဲမှုရှိတိုင်း စဉ်ဆက်မပြတ် (Update) ပြောင်းလဲခင်းကျင်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။