အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီးဦးမျိုးလှိုင် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇွန်(၅)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက် (၁၀)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများ၏ ဝင်ရောက်ယှဉ်ပြိုင် နေမှုများကို Vitural Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မျက်မမြင်စစ်တုရင်၊ မျက်မမြင်ဂိုးလ်ဘော၊ ရေကူး၊ ဘော်လီဘော၊ အလေးမ၊ ဘောလုံး၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မသန်စွမ်းအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသား မီတာ(၅၀) ရင်ဘောင် တန်းကူးပြိုင်ပွဲတွင် မောင်မင်းထူးက ရေကူးအားကစားနည်းအတွက် ပထမဦးဆုံး (ရွှေတံဆိပ်) ဆုကိုလည်းကောင်း၊ အမျိုးသား မီတာ(၁၀၀)ပက်လက်ကူးပြိုင်ပွဲတွင် မောင်အောင်မြင့်မြတ်က ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသား မီတာ(၂၀၀)ပြိုင်ပွဲတွင် မောင်နိုဇင်က ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသား မီတာ(၅၀)လိပ်ပြာကူး ပြိုင်ပွဲတွင် မောင်ကျော်ထူးက ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်း အမျိုးသား မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် မောင်စိုးပေက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း ဆုတံဆိပ်များအသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။