အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒီဇင်ဘာလ (ပဉ္စမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၃၁)။

ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြုလုပ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် “၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (ပဉ္စမအပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲ”ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်းအင်အား (၃၆၀၀)ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။

လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း သတ်မှတ်လမ်းကြောင်း များအတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂) နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး နောက် အားကစားနှင့်ကာယပညာဦးစီးဌာနက ရေသန့်ဗူး၊ Royal-D နှင့် အာဟာရမုန့်များပေးဝေခဲ့ကြ သည်။

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများကို မြန်မာ့အားကစား လောကအဆင့်အတန်းတိုးတက်မြင့်မားစေရေး၊ လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရေးအတွက် တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အမျိုးသားအားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ပြည်သူ တစ်ရပ်လုံး လှုပ်ရှားပါဝင်ဆင်နွှဲနိုင်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။