အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒက္ခိဏသီရိမြို့နယ် အထက(၁၈)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဒက္ခိဏသီရိမြို့နယ် ၊ အထက(၁၈)၌ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၃.၈.၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြးရေးမှူး ဦးဝင်းဌေးက လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ထို့နောက် တိုက်ကွမ်ဒိုအားကစားနည်းဖြင့်သရုပ်ပြသခဲ့ပါသည်။