အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

တိုင်းဒေသကြီးနှင့်ပြည်နယ်များ

၁။ အားကစားပြိုင်ပွဲများအား အဆင့်မီမီ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက် အားကစား ကွင်း/ ရုံများအားသန့်ရှင်းလှပစေရန်ပြုပြင်ထိန်းသိမ်းခြင်း

 

၂။ အား/ကာသိပ္ပံကျောင်းများအတွက် လူငယ်မျိုးဆက်သစ်များ ရွေးချယ်ရှာဖွေ ပို့ဆောင်ခြင်း

 

၃။ အားကစားအဖွဲ့ချုပ် အသီးသီးသို့ ထူးချွန်မျိုးဆက်သစ်များ ရှာဖွေပို့ဆောင်ခြင်း

 

၄။ မိမိပြည်နယ်/တိုင်း အသီးသီးရှိ ဖွဲ့စည်းပြီး အားကစားကလပ်များ သက်ဝင်ရှင်သန် နေစေရေးနှင့် တိုးချဲ့ဖွင့်လှစ်နိုင်ရေး စည်းရုံးဆောင်ရွက်ခြင်း

 

၅။ နွေ၊ မိုး၊ ဆောင်း ရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း

 

၆။ ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမူများ တစ်နှစ်ထက်တစ်နှစ် ရာခိုင်နှုန်း တိုးတက်အောင် ပါဝင်ဆင်နွှဲလာစေရေး၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံ တင်ပြ အကူအညီရယူ ဆောင်ရွက်ခြင်း အပါအဝင် နည်းလမ်းပေါင်းစုံ အသုံးပြု၍ စည်းရုံးဆောင်ရွက်ခြင်း

 

၇။ ဒေသတွင်း အားကစားပြိုင်ပွဲများ ကျင်းပခြင်း (TSDP၊ မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ၊ အခြား ဖိတ်ခေါ်အားကစားပြိုင်ပွဲများ)

 

၈။ နည်းပြသင်တန်းများ ဖွင့်လှစ်ခြင်း

 

၉။ ဖိတ်ခေါ်အားကစားပြိုင်ပွဲများ ကျင်းပခြင်း

 

၁၀။ ဗဟိုမှဦးစီးကျင်းပသည့် ပြည်နယ်နှင့်တိုင်း အားကစား ပြိုင်ပွဲများအား အဆင့်မီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ခြင်းနှင့် ပြိုင်ပွဲတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခြင်း

 

၁၁။ ဝန်ထမ်းများစွမ်းရည်မြင့်မားရေးအတွက် စွမ်းဆောင်ရည်မြင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပို့ချရန်

 

၁၂။ ဝန်ထမ်းများ စည်းကမ်းထိန်းသိမ်းရေးအတွက် ကြပ်မတ်ဆောင်ရွက်ခြင်း

 

၁၃။ သက်ဆိုင်ရာ ပြည်နယ်/တိုင်း အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်နှင့် အခြေခံပညာကျောင်းများသို့ အားကစားသရုပ်ပြပွဲ၊ အားကစားအသိပညာပေး ဟောပြောပွဲများ စဉ်ဆက်မပြတ် စီမံချက်ရေးဆွဲဆောင်ရွက်ခြင်း

 

၁၄။ TSDP မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ အသီးသီး၏ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် သင်တန်းများဖွင့်လှစ်ခြင်းတို့အား အားကစားမဂ္ဂဇင်းနှင့် သတင်းလွှာတို့တွင် လစဉ်တင်ပြ နိုင်ရေးအတွက် စဉ်ဆက်မပြတ် တင်ပြနိုင်ရေး ဆောင်ရွက်ခြင်း

 

၁၅။ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်/တိုင်း ဒေသကြီးအစိုးရ အဖွဲ့သို့ တင်ပြတောင်းခံသည့် ဘတ်ဂျတ်အား အား/ကာဦးစီးဌာနသို့ ကြိုတင်တင်ပြပြီး အတည်ပြုချက်ရရှိမှသာ ဆက်လက်တင်ပြ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ခြင်း

 

၁၆။ ပြည်နယ်/တိုင်းဒေသကြီးများအပါအဝင် ကွပ်ကဲမှုအောက် မြို့နယ်အသီးသီးတွင် ထူးခြား ဖြစ်စဉ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ဦးစီးဌာနသို့ (ဖုန်း၊ Fax၊ အစီရင်ခံစာ) တို့ဖြင့် အသိပေးတင်ပြခြင်း

 

၁၇။ ပြည်နယ်/တိုင်းဒေသကြီးအလိုက် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လ တစ်ကြိမ် (သို့မဟုတ်) (၃)လတစ်ကြိမ် အားကစားဆပ်ကော်မတီများနှင့် အစည်းအဝေး ပြုလုပ်ပြီး ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက် မည့် စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆောင်ရွက်မှု အခြေအနေများ တင်ပြခြင်း

 

၁၈။ အထက်ဌာန (ဝန်ကြီးရုံး/ ဦးစီးဌာန/ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့) တို့မှ လမ်းညွှန်ချက်များအား လက်အောက်ဝန်ထမ်းများသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးချပြ ရှင်းလင်းခြင်း