အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ ပထမအသုတ် ပြည်ပထွက်ခွာ

ရန်ကုန်၊နိုဝင်ဘာလ(၁၄)ရက်။

မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ချန်ဆားမြို့တို့တွင် ၂၀.၁၀.၂၀၂၂ ရက်နေ့မှ ၂၅.၁.၂၀၂၃ ရက်နေ့အထိ ပူးတွဲလေ့ကျင့်မှုပြုရန်အတွက် ပြေးခုန်ပစ်အားကစားနည်းမှ အားကစားအဖွဲ့(၂၅)ဦး၊ လက်ဝှေ့အားကစားနည်းမှ အားကစားအဖွဲ့(၂၁)ဦး၊ ဘော်လီဘောအားကစားနည်းမှ အားကစားအဖွဲ့ (အမျိုးသား/အမျိုးသမီး)(၃၈)ဦးနှင့် ဝူရှူးအားကစားနည်းမှ အားကစားအဖွဲ့ (၁၇)ဦး စုစုပေါင်း အားကစားအဖွဲ့ဝင် (၁၀၁)ဦး သွားရောက်မည်ဖြစ်ပါသည်။

ပူးတွဲလေ့ကျင့်မှုပြုရန် သွားရောက်မည့် မြန်မာအားကစားအဖွဲ့များအနက်မှ ပထမအသုတ်အနေဖြင့် နည်းပြချုပ် ဦးလွှမ်းမိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်စုမြတ်မွန်တို့နှင့်အတူ နည်းပြ(၃)ဦး၊ အမျိုးသားအားကစားသမား(၁၈)ဦး၊ အမျိုးသမီးအားကစားသမား (၁၅)ဦး စုစုပေါင်း(၃၈)ဦးတို့ပါဝင်သည့် မြန်မာဘော်လီဘောအားကစားအဖွဲ့သည် ယနေ့နံနက်(၁၁) နာရီအချိန်တွင် လေယာဉ်အမှတ် UB 805 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးနှင့် မြန်မာနိုင်ငံဘော်လီဘောအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

ဆက်လက်၍ ၁၆.၁၁.၂၀၂၂ ရက်နေ့တွင် ဒုတိယအသုတ်အနေဖြင့် မြန်မာဝူရှူးအားကစားအဖွဲ့သည်လည်းကောင်း၊ ၂၁.၁၁.၂၀၂၂ ရက်နေ့တွင် တတိယအသုတ်အနေဖြင့် မြန်မာပြေးခုန်ပစ် အားကစားအဖွဲ့နှင့် မြန်မာလက်ဝှေ့အားကစားအဖွဲ့တို့သည်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ချန်ဆားမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။