အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာလ(၁၄)ရက်။

မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ချန်ဆားမြို့တွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာလက်ဝှေ့အားကစားအဖွဲ့နှင့် မြန်မာအလေးမအားကစားအဖွဲ့တို့သည် ယနေ့နေ့လယ် (၁၃:၅၀) နာရီအချိန်တွင် လေယာဉ်အမှတ် MU 2032 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးအောင်နိုင်ဆွေနှင့်ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

အဆိုပါ မြန်မာလက်ဝှေ့အားကစားအဖွဲ့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မေရီ(အုပ်ချုပ်သူ/နည်းပြ)နှင့် အတူနည်းပြ(၂)ဦး၊ အမျိုးသားအားကစားသမား(၈)ဦး၊ အမျိုးသမီးအားကစားသမား(၁)ဦးတို့ပါဝင်ပြီး၊ မြန်မာအလေးမအားကစားအဖွဲ့တွင် ဒုအရာခံဗိုလ်အောင်ကျော်ဦး (အုပ်ချုပ်/နည်းပြ)နှင့်အတူ နည်းပြ(၁)ဦး၊ အမျိုးသားအားကစားသမား(၄)ဦး၊ အမျိုးသမီးအားကစားသမား(၅)ဦး၊ စုစုပေါင်း(၂၃)ဦးတို့ လိုက်ပါသွားကြောင်းသိရှိရပါသည်။