အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာလ(၁၂)ရက်။

မြန်မာ-တရုတ်နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဆားမြို့တွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့နှင့် မြန်မာဝူရှူးအားကစားအဖွဲ့တို့သည် ယနေ့နံနက်(၁၁)နာရီအချိန်တွင် လေယာဉ်အမှတ် UB 805 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

အဆိုပါ မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဇော်ဦး(အုပ်ချုပ်/နည်းပြ)နှင့် အတူနည်းပြ(၆)ဦး၊ အမျိုးသားအားကစားသမား(၂၃)ဦး၊ အမျိုးသမီးအားကစားသမား(၁၆)ဦးတို့ပါဝင်ပြီး၊ မြန်မာဝူရှူးအားကစားအဖွဲ့တွင် ဒုတပ်ကြပ်ထွန်းထွန်းဝင်း (အုပ်ချုပ်/နည်းပြ)နှင့်အတူအမျိုးသားအားကစားသမား(၆)ဦး၊ အမျိုးသမီးအားကစားသမား(၂)ဦး၊စုစုပေါင်း(၅၅)ဦးတို့ လိုက်ပါသွားကြပါသည်။

ဆက်လက်၍ ၁၃.၁၂.၂၀၂၂ ရက်နေ့တွင် မြန်မာလှေလှော်အားကစားအဖွဲ့သည်လည်းကောင်း၊ ၁၄.၁၂.၂၀၂၂ ရက်နေ့တွင် မြန်မာလက်ဝှေ့အားကစားအဖွဲ့နှင့် မြန်မာအလေးမအားကစားအဖွဲ့ တို့သည်လည်းကောင်းရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံချန်ဆားမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်းသိရှိရသည်။