အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ တတိယအသုတ် ပြည်ပထွက်ခွာ

ရန်ကုန်၊နိုဝင်ဘာလ(၂၁)ရက်။

မြန်မာ-တရုတ် နှစ်နိုင်ငံ အားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် ပူးတွဲလေ့ကျင့်မှုပြုရန် တတိယအသုတ်အနေဖြင့် မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့နှင့် မြန်မာလက်ဝှေ့အားကစားအဖွဲ့တို့သည် ယနေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် လေယာဉ်အမှတ် UB 805 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံလက်ဝှေ့အားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးကိုကိုအောင်တို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

အဆိုပါ မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ/နည်းစနစ် ဦးကျော်ကျော်ဝင်း(အုပ်ချုပ်သူ)နှင့်အတူ နည်းပြ(၄)ဦး၊ အမျိုးသားအားကစားသမား(၁၂)ဦး၊ အမျိုးသမီးအားကစားသမား(၈)ဦးတို့ပါဝင်ပြီး မြန်မာလက်ဝှေ့အားကစားအဖွဲ့တွင် ဒုအရာခံဗိုလ်မြင့်ထွန်း(အုပ်ချုပ်သူ)နှင့်အတူ နည်းပြ(၂)ဦး၊ အမျိုးသားအားကစားသမား(၁၃)ဦး၊ အမျိုးသမီးအားကစားသမား(၅)ဦး၊ စုစုပေါင်း(၄၆)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရပါသည်။