အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ

ရန်ကုန်၊ ဇူလိုင်(၂၆)ရက်။

ဇူလိုင် (၃၀)ရက်မှ သြဂုတ်(၆)ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့တွင်ကျင်းပပြုလုပ်မည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယနေ့နံနက် (၄)နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းစင်းလုံးဌားလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့သို့ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီး၀န်ကြီးများနှင့် ရန်ကုန်တိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်၊ မြားပစ်၊ Goalball၊ ရေကူး၊ 7-aside ဘောလုံး၊ ထိုင်လျှက်ဘော်လီဘော၊ အလေးမစသည့် အားကစားနည်းခုနှစ်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာအားကစားအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်လှမိုး အပါအဝင် ဖိတ်ကြားခံပုဂ္ဂိုလ်(၃)ဦး၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးမြင့် ဦးဆောင်သော အုပ်ချုပ်သူများ/နည်းပြများ၊ ဒိုင်လူကြီးများနှင့် မသန်စွမ်းအားကစားသမားများ လိုက်ပါ သွားကြကြောင်းသိရှိရသည်။