အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဆီဆိုင်မြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်သစ်ကူးအထိမ်းအမှတ် ကျေးရွာဖလား အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဆီဆိုင်၊ မတ်လ (၂၄)ရက်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ၊ ပါလောပါကယ်ကျေးရွာအုပ်စု ၊ လွယ်ဆံဆစ်ကျေးရွာ ဒုတိယအကြိမ်မြောက် ကျေးရွာ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုမှ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ကျင်းပသော ထူးချွန်အောင်မြင်သည့် စာအောင်သံဃာတော်များ ၊ ကျောင်းသား / ကျောင်းသူများ ဂုဏ်ပြုဆုပေးအပ်ပွဲနှင့်နှစ်သစ်ကူးအထိမ်းအမှတ် ကျေးရွာဖလား အမျိုးသား အလွတ်တန်း(အကြီးတန်း) / အငယ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၄.၃.၂၀၂၂ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ၊ လွယ်ဆံဆစ်ကျေးရွာ ၊ ကျေးရွာအားကစားကွင်း၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်း အဲမာ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်း မိုမိုမောင်၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဇော်ထွန်း ၊ ရှမ်းပြည်နယ် ဘောလုံးဆပ် ကော်မတီ ဥက္ကဌ ၊ ကော်မတီအဖွဲ့ဝင်များ ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၊ ကျေးရွာပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့များ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် ဘောလုံးအားကစားဝါသနာရှင်များက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာပြိုင်ပွဲသို့ ရှမ်းပြည်နယ် အားက စားနှင့်ကာယပညာဦးစီးဌာနမှ ဘောလုံး(၅)လုံးကို ဒုတိယညွှန်ကြားရေးမှူးမှလည်းကောင်း ၊ ပြည်နယ်ဘောလုံးဆပ်ကော်မ တီမှ ဘောလုံး(၅)လုံး ကို ဆပ်ကော်မတီ ဥက္ကဌမှလည်းကောင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဘော်လီဘော(၃)လုံး ၊ ခြင်းလုံး(၂)လုံး တို့ကို လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဘောလုံး(၅)လုံး၊ ဘော်လီဘော(၂)လုံး၊ ခြင်းလုံး(၂)လုံး တို့ကို မြို့နယ်အားကစား မှူးမှလည်းကောင်း စုစုပေါင်းတန်ဖိုးငွေကျပ် ၄၅၅၀၀၀/-ကို အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရပြီး

ပြိုင်ပွဲ အဖွင့်ပွဲစဥ်ကို ဆက်လက်ကျင်းပခဲ့ရာ ဂျူနီယာအသင်း နှင့် ပင်တွန်ဒုံတန်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့အားပေးခဲ့ကြောင်းသိရှိခဲ့ရကာ အဆိုပါပြိုင်ပွဲ ကို ၂၄.၃.၂၀၂၂ ရက်နေ့မှ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပြီး ဆီဆိုင်မြို့နယ်အတွင်းမှ အမျိုးသား အငယ်တန်းဘောလုံးအသင်း (၁၃၂) သင်း ၊ အမျိုးသား အကြီးတန်း ဘောလုံးအသင်း (၁၂)သင်း စုစုပေါင်း အသင်းပေါင်း (၁၄၄)သင်းမှပါဝင်ယှဉ်ပြိုင်ကစားကြကြောင်းသိရှိရပါသည်။