အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ

၁။ အားကစားနှင့်ကာယပညာဦးစီးဌာန လက်အောက်ရှိ ဌာနခွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံများရှိ အရာထမ်း၊ အမှုထမ်းများ၏ ရာထူးတိုးမြှင့်ခြင်း၊ တွဲဘက်၊ နှုတ်ထွက်၊ ရပ်စဲ၊ ထုတ်ပယ်ခြင်း၊ ဌာနကူးပြောင်း တာဝန်ထမ်းဆောင်ခြင်း၊ ဝန်ထမ်းအင်အားစာရင်းများ၊ ဖွဲ့စည်းပုံကိစ္စများ ဆောင်ရွက်ခြင်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ တင်ပြရသည့် ဝန်ထမ်းရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။

 

၂။ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနသို့ ပေးပို့သော အင်အားစာရင်းများ၊ လစာနှင့်စရိတ် တွက်ချက်ခြင်း၊ စာရင်းစစ် ဖြေကြားခြင်း။

 

၃။ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများတွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲကိစ္စရပ်များ ဆောင်ရွက်ခြင်းနှင့် အားကစားမှူးများ၊ နည်းစနစ်မှူးများ၏ လုပ်ငန်းဆောင်ရွက်မှု လစဉ်အစီရင်ခံစာ ကိစ္စများ ဆောင်ရွက်ခြင်း။

 

၄။ ညွှန်ကြားရေးမှူးချုပ်၏ မှတ်ချက်များအား ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ သို့ အကြောင်းကြားခြင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် ဝန်ကြီးဌာနများမှ ထုတ်ပြန်သည့် ညွှန်ကြားကြားချက်များအား ထပ်ဆင့်အကြောင်းကြားခြင်း။

 

၅။ ဖောင်ကြီး၊ ဇီးပင်ကြီး၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့် အရာထမ်းသင်တန်း၊ စာရင်းကိုင် သင်တန်းများ၊ အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများ၊ IOC သင်တန်း၊ စက်မှုသင်တန်း၊ စိုက်ပျိုးရေးသင်တန်း၊ စာကြည့်တိုက်သင်တန်းများ ဆောင်ရွက်ခြင်း။

 

၆။ ဝန်ထမ်းသားသမီးများ၏ ပညာသင်ထောက်ပံ့ကြေးကိစ္စရပ်များ၊ ဝန်ထမ်းများအား လစဉ် ဆန်ထောက်ပံ့မှုရရှိရေးကိစ္စရပ်များ၊ (၁၀)တန်းတွင် ဂုဏ်ထူးရရှိသူ ဝန်ထမ်း သား/သမီးများအား ဆုချီးမြှင့်ရေး ကိစ္စရပ်များ ဆောင်ရွက်ခြင်း။

 

၇။ (၆)လပတ် အစီရင်ခံစားနှင့် နှစ်ပတ်လည် အစီရင်ခံစာများ ပြုစုဆောင်ရွက်ခြင်း။

 

၈။ Gold Camp ရှိ အားကစားသမားများ အင်အား တိုး/လျော့ ကိစ္စရပ်များ၊ စခန်းသွင်း လေ့ကျင့်ခွင့် ကိစ္စရပ်များ၊ အားကစားသမားများ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကိစ္စရပ်များ၊ တည်းခိုနေထိုင်ခွင့်ရရှိရေး ကိစ္စရပ်များ ဆောင်ရွက်ခြင်း။

 

၉။ ပြည်ထောင်စုဝန်ကြီး၏ လုပ်ငန်းလမ်းညွှန်ချက်များ၊ ဦးစီးဌာနလုပ်ငန်း ညှိနှိုင်းအစည်းအဝေး တင်ပြချက်များ၊ မှတ်တမ်းများ၊ နိုင်ငံခြားသား ဝင်/ထွက်မှု စာရင်းများအား ကွန်ပျူတာ ဌာနစုမှ ဆောင်ရွက်ပေးခြင်း။

 

၁၀။ ဝန်ထမ်းများ ရုံးတက်/ဆင်း ကြို/ပို့ခြင်း၊ အားကစားသမားများအား ကြို/ပို့ခြင်း၊ အားကစား ပြိုင်ပွဲများသို့ ပြိုင်ပွဲသုံးပစ္စည်းများ ပို့ဆောင်ခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအတွက် ပြင်ဆင်စရိတ်၊ စက်သုံးဆီ၊ စက်ဆီ၊ ချောဆီ ရရှိရေး၊ လိုင်စင်သက်တမ်းတိုးခြင်း၊ မော်တော်ယာဉ် ပြန်တမ်းကိစ္စရပ်များအား မော်တော်ယာဉ်ဌာနစုမှ ဆောင်ရွက်ခြင်း။

 

၁၁။ ရုံးသုံးပစ္စည်းများ ဝယ်ယူရေးကိစ္စများအား အဖွဲ့ဖွဲ့၍ ဆောင်ရွက်ခြင်း၊ သိုလှောင်ခြင်း၊ ခွင့်ပြုချက်နှင့်အညီ ထုတ်ပေးနိုင်ရေး လုပ်ငန်းများအား ဖြည့်တင်းဝယ်ယူရေးဌာနစုမှ ဆောင်ရွက်ခြင်း။ ၁၁။ ဘတ်ဂျက်စာရင်းရေးဆွဲရန် အခြေခံရမည့် အချက်များအတွက် ဌာနခွဲအသီးသီးသို့ စာရင်းများ တောင်းခံခြင်း။

 

၁၂။ ဘဏ္ဍာရေးနှစ်အလိုက် သာမန်ရငွေ/သုံးငွေ၊ ငွေလုံးငွေရင်းရငွေ/သုံးငွေများအား စိစစ် တွက်ချက်၍ တင်ပြတောင်းခံခြင်း။

 

၁၃။ မူလ ဘတ်ဂျက်ခွင့်ပြုငွေ (BE) တွင် မပါရှိဘဲ လုပ်ငန်းလိုအပ်ချက်အရ ဆောင်ရွက်ရမည့် ကိစ္စများအား ဖြည့်စွက်ရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံနိုင်ရေးစီစဉ် ဆောင်ရွက်ခြင်း။

 

၁၄။ ပိုလျှံငွေဖြစ်ပေါ်သည့် ငွေစာရင်းခေါင်းစဉ်မှ လိုငွေဖြစ်ပေါ်သည့် ငွေစာရင်းခေါင်းစဉ်များသို့ ရန်ပုံငွေလွှဲပြောင်း သုံးစွဲနိုင်ရေးကို စိစစ်ဆောင်ရွက်ခြင်း။

 

၁၅။ ဘတ်ဂျက်ခွင့်ပြုငွေတွင် ပါရှိသော်လည်း အသုံးပြုရန် မလိုသည့်ကိစ္စ၊ အသုံးပြုပြီး ဖြစ်သော်လည်း ထပ်မံပိုလျှံနေသည့်ကိစ္စ၊ ဖြည့်စွက်ခွင့်ပြုငွေမှ ပိုလျှံသည့်ကိစ္စ၊ ရန်ပုံငွေလွှဲပြောင်း သုံးစွဲ၍ မရသည့် ကိစ္စများအား အထွေထွေရန်ပုံငွေသို့ ပြန်လည်အပ်နှံရေးကိစ္စ ဆောင်ရွက်ခြင်း။

 

၁၆။ ရရှိသည့် ဘတ်ဂျက်ခွင့်ပြုငွေများအနက် ဌာနခွဲအသီးသီးမှ တင်ပြတောင်းခံလာသည့် အသုံးစရိတ်များအား ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီမှု၊ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ ကျခံ၍ ရရှိမှု၊ ကျခံရမည့် ရန်ပုံငွေ လုံလောက်မှုတို့အပေါ် စိစစ်၍ အထက်အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက် ရယူခြင်း။

 

၁၇။ ချက်လက်မှတ်ထုတ်ပေးပြီးသည့် အသုံးစရိတ်များအား သတ်မှတ်ကာလအတွင်း စာရင်း ရှင်းလင်းစေခြင်း၊ ပြေစာ/ ရှင်းတမ်းများဖြင့် ပြန်လည်တင်ပြစေခြင်း၊ လိုငွေများအား အချိန်မီ ထပ်မံ တောင်းခံစေခြင်း၊ ပိုငွေများအား ချက်ခြင်း ပြန်လည်အပ်နှံစေခြင်းတို့ကို ဆောင်ရွက်ခြင်း။

 

၁၈။ အသုံးစရိတ်များ ဖောင်းပွမှု မဖြစ်စေရေး၊ ဘတ်ဂျက်ကျော်လွန်သုံးစွဲမှု မဖြစ်စေရေး၊ အလွဲသုံးစားမှုများ မဖြစ်စေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်ခြင်း။

 

၁၉။ ရငွေများနှင့် စပ်လျဉ်း၍ ဘတ်ဂျက်ခွင့်ပြုချက်ပါ ရငွေများ ခန့်မှန်းလျာထားသည့်အတိုင်း အပြည့်အဝ ရရှိရေး၊ အခွန်များအား အပြည့်အဝ ပေးသွင်းရေးကို ကြပ်မတ်ဆောင်ရွက်ခြင်း။

 

၂၀။ ငှားရမ်းခများနှင့် စပ်လျဉ်း၍ စာချုပ်သက်တမ်းကာလာ အချိန်စေ့ရောက်မှု၊ ငှားရမ်းခများ အချိန်မီပေးသွင်းမှု၊ ငှားရမ်းခ ကြွေးကျန်များ မရှိစေရေးတို့ကို စောင့်ကြည့်ကြပ်မတ်ခြင်း။

 

၂၁။ အသုံးစရိတ်များ သုံးစွဲပြီးပါက လစဉ်ငွေထုတ်စာရင်းအသီးသီးမှ ပေးပို့သည့် လချုပ်စာရင်း များအား အချိန်မီရောက်ရှိရေး၊ ပူးတွဲပါရှိရမည့် စာရင်းပုံစံများ ပြည့်ပြည့်စုံစုံ ပါရှိရေး၊ စာရင်းရေးသွင်းချက်များ မှန်ကန်မှုရရှိရေး၊ သုံးစွဲသည့် အသုံးစရိတ်များ ငွေစာရင်းခေါင်းစဉ် မှန်ကန်စွာ သုံးစွဲမှုရှိရေး စိစစ်ကြပ်မတ်ခြင်း။

 

၂၂။ အသုံးစရိတ်များသည် ငွေသားစီမံချက်အတိုင်း သုံးစွဲမှုရရှိရေး တင်ဒါခေါ်ယူ၍ ဝယ်ယူရမည့် ကိစ္စများအတွက် အချိန်မီ တင်ဒါခေါ်ယူနိုင်ရေး၊ ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ရသည့် ဆောက်လုပ်ရေးလုပ်ငန်းများသည် လျာထားသည့်အချိန်တွင် လျာထားသည့်အတိုင်း ဆောင်ရွက်နိုင်မှု ရှိရေးတို့ကို ကြပ်မတ်ဆောင်ရွက်ခြင်း။

 

၂၃။ ပြင်ပအဖွဲ့အစည်းများ (အခြားဝန်ကြီးဌာနများ)မှ တောင်းခံသည့် စာရင်းများအား မှန်မှန် ကန်ကန်ဖြင့် သတ်မှတ်ရက်အတိုင်း ပေးပို့တင်ပြနိုင်ရေး၊ မိမိဝန်ကြီးဌာနသို့ အချိန်မီ ပေးပို့တင်ပြ နိုင်ရေးတို့ကို ဆောင်ရွက်ခြင်း။

 

၂၄။ အသုံးစရိတ်များ သုံးစွဲပြီးတိုင်း (လစဉ်လချုပ်ချုပ်ပြီးတိုင်း) ဘတ်ဂျက်ခွင့်ပြုငွေ၊ သုံးစွဲငွေ၊ လက်ကျန်ငွေ အခြေအနေတို့ကို စောင့်ကြည့်ကြပ်မတ်ခြင်း။

 

၂၅။ အပတ်စဉ် ရန်ပုံငွေလက်ကျန် အခြေအနေများအား တာဝန်ရှိသူ (ဌာနအကြီးအကဲ)ထံ စဉ်ဆက်မပြတ် တင်ပြနိုင်ရေးဆောင်ရွက်ခြင်း။

 

၂၆။ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းနှင့် လုပ်ငန်းများ စစ်ဆေးမှု ကို ခံယူခြင်း။

 

၂၇။ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များ၏ စာရင်းများကို စစ်ဆေးသည့် သက်ဆိုင်ရာ ဒေသ စာရင်းစစ်များမှ ပေးပို့သည့် စာရင်းစစ်အစီရင်ခံစာများအပေါ် လိုအပ်ချက်များ ဆောင်ရွက် ပေးခြင်း၊ ဆောင်ရွက်ရန်များအား ဆောင်ရွက် ပြီး/ မပြီးကို ကြပ်မတ်ပေးခြင်း။