အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

စစ်ကိုင်း၊ ဇန်နဝါရီ(၃၁)ရက်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အတန်းပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အဆိုပါတက္ကသိုလ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် အားကစားကဏ္ဍများနှင့် အနုပညာ၊ ယဉ်ကျေးမှုများကိုပါ စိတ်ပါဝင်စားစွာ လှုပ်ရှားဆောင်ရွက်တက်စေရန်၊ အားကစားလှုပ်ရှားကစားခြင်းဖြင့် တစ်ကိုယ်ရည် ကျန်းမာရေးအတွက် အထောက်အကူပြုပေးကြောင်း၊ ဘော့လုံးအားကစားသည် Team Work ဖြင့် ကစားရသည့်အတွက် အပေးအယူညီညီနှင့် စည်းစည်းလုံးလုံးကစားကြရန် နှင့်ထိခိုက်ဒဏ်ရာမရရှိစေပဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကြပါလို့ အထူးမှာကြားလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီး သမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်ထွန်းဦးက ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ကြောင်းကြေညာ ပေးခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲသို့ အမျိုးသားဘော့လုံးအသင်း(၈)သင်း နှင့် အမျိုးသမီးဘော့လုံး အသင်း(၉)သင်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဖွင့်ပွဲတွင် ပထမနှစ်၊ ဒုတိယပညာသင်ကာလ(A) အသင်းနှင့် ပဉ္စမနှစ်အသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။