အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စစ်ကိုင်းတိုင်းဒေသကြီး၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းဆင်းပွဲကျင်းပ

မုံရွာ၊ အောက်တိုဘာ(၄)ရက်။

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ(၂၀)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းတွင် ကျင်းပရာ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းဆင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က အသီးသီးအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်းသိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်အလိုက် လူငယ်များအလုပ်အကိုင် ရရှိရေးအတွက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ဆင်းရဲနွမ်းပါးမှုချော့ချစေရေးအတွက် အထောက်အကူပြုစေရန်၊ လူငယ်များ သမာအာဇီဝကျကျ လုပ်ကိုင်တက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း သင်တန်းသည် စက်တင်ဘာလ(၂၀)ရက်နေ့မှ အောက်တိုဘာလ(၄)ရက်နေ့အထိ (၁၅)ရက်ကြာ စာတွေ့၊လက်တွေ့ဖြင့် သင်ကြားပေးခဲ့ကြရာ တိုင်းဒေသကြီးအတွင်းမှ သင်တန်းသား(၂၈)ဦး တက်ရောက်သင်ကြားခဲ့ကြောင်းသိရသည်။