အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကိုရီးယားနိုင်ငံ Gumin City ရှိ ကိုရီးယားနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်(KAAF)မှ (တာဝေး/တာလတ်) နည်းပြ Mr.SOON YOUNG KWON မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဒီဇင်ဘာ (၃၀)။

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ အလွတ်သဘောဖိတ်ကြားချက်အရ ကိုရီးယားနိုင်ငံ Gumin City ရှိ ကိုရီးယားနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်(KAAF) မှ (တာဝေး/တာလတ်) နည်းပြ Mr. SOON YOUNG KWON သည် ဒီဇင်ဘာလ(၃၁) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ လာရောက်လေ့လာရန်အတွက် မြန်မာနိုင်ငံသို့ရောက်ရှိလာရာ ယနေ့နံနက်ပိုင်းတွင် ၎င်းနည်းပြ Mr. SOON YOUNG KWON နှင့် စကားပြန် တစ်ဦးတို့သည် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်နှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone)ရှိ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းတွင် ပြသထားလျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားဆောင်ရွက်မှုများပြခန်းနှင့် အားကစားပြတိုက်(စိတ်ဓါတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့သည်ကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် နည်းပြ Mr. SOON YOUNG KWON မှ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။