အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကာယဆရာ/ဆရာမများ “ ကာယပညာနှင့်အားကစားနည်းပြမွမ်းမံ” သင်တန်းဖွင့်လှစ်

တောင်ကြီး၊ မတ်လ(၉)ရက်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်ကာယဆရာ၊ဆရာမများ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲကို (၇.၅.၂၀၂၂) ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တောင်ကြီးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၌ ဖွင့်လှစ်ခဲ့သော ” ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း” တွင် ဘောလုံး ၊ ဘော်လီဘော ၊ ဘတ်စကက်ဘော ၊ စားပွဲတင် တင်းနစ် ၊ ပိုက်ကျော်ခြင်း ၊ ကြက်တောင် ၊ ပြေးခုန်ပစ် အစရှိသည့်အားကစားနည်း(၇)နည်းဖြင့် ပို့ချသွားမှာဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ရာ ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်နယ်အား/ကာ သင်တန်းခန်းမဆောင်၌ ဘောလုံးအားကစားနည်းရဲ့ ပြောင်းလဲခြင်း ဥပဒေသများအကြောင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနခွဲမှ နည်းပြဆရာ ဦးလှမင်းနှင့် ဦးကျော်တင့်တို့မှ သင်တန်း ၏ စာတွေ့ပို့ချခြင်း သင်ခန်းစာများကို ပို့ချပေးခဲ့ကြောင်း သိရှိရသည်။