အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကလေးဝမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို အေရိုးဗစ်ပြိုင်ပွဲကျင်းပ

ကလေးဝ၊ ဖေဖော်ဝါရီ (၄)။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအလယ်တန်းအဆင့် အေရိုးဗစ်ပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ပညာရတနာခန်းမ၌ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အေရိုးဗစ်ပြိုင်ပွဲကို ကလေးငယ်များကိုယ်ကာယ စွမ်းရည်တိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ခင်ပြုံးရီက ပြိုင်ပွဲဝင်စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲသို့ အေရိုးဗစ်အသင်း ၄ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းပြိုင်ပွဲတွင်ဆုရရှိသော အေရိုးဗစ်အသင်းများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများကို အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။