အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား

ဘားအံ၊အောက်တိုဘာလ၂၈ရက်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို (၂၈.၁၀.၂၀၂၁) ရက်နေ့ ၊ နံနက် (၀၈း၀၀) နာရီ အချိန်တွင် ဘားအံမြို့ လှာကမြင် အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ရှေ့ဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့်လှိုင်းဘွဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းမှ ၃ ပွဲပြတ်ဖြင့်အနိုင်ရရှိသွားပါသည်။ ထိုနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး ပြိုင်ပွဲတွင်အကောင်းဆုံး စပေးဘောဆု၊ ဆယ်မဆု၊ ပင့်ထောင်ဆု၊ ရိုက်ခုတ်ဆု၊ ပွဲစဉ်တလျှောက်အကောင်းဆုံး ကစားသမားဆုများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးမှ လည်းကောင်း၊ အမျိုးသား ပြိုင်ပွဲတွင်အကောင်းဆုံး စပေးဘောဆု၊ ဆယ်မဆု၊ ပင့်ထောင်ဆု၊ ရိုက်ခုတ်ဆု၊ ပိတ်ဆို့ဆု၊ ပွဲစဥ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုများအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆန်းကိုမှ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ဆက်လက်၍ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆု ရရှိသည့် ကြာအင်းဆိပ်ကြီးအသင်းအား တစ်ဦးချင်း လည်ဆွဲဆုများနှင့် ငွေသားဆု( ၂ )သိန်းကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်မှ လည်းကောင်း၊ ဒုတိယဆု ရရှိသည့် ဖာပွန်မြို့နယ် အသင်းအား တစ်ဦးချင်း လည်ဆွဲဆုများနှင့် ငွေသားဆု (၃)သိန်းကို ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစိုးလွင်မှ လည်းကောင်း၊ ပထမဆု ရရှိသည့် ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်း လည်ဆွဲဆုများ၊ ငွေသားဆု (၅) သိန်းနှင့်အမျိုးသမီး တံခွန်စိုက်ဆုဖလားကို ပြည်နယ်တရားသူကြီးချုပ် ဦးသိန်းကိုကိုမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။