အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဘားအံ၊ ဒီဇင်ဘာ (၁၈)။

(၁၈-၁၂-၂၀၂၂) ရက်နေ့ နံနက် (၈း၀၀)နာရီအချိန် ကရင်ပြည်နယ် ဘားအံမြို့ သံလွင်မြစ်၌ ကျင်းပပြုလုပ်သော ၂၇၆၂ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် အစိုးရအဖွဲ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ စသည်ဖြင့် အသီးသီးတက်ရောက်ခဲ့ကြပါသည်။

၎င်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ကြက်ခြေနီတပ်ဖွဲ့ ဂုဏ်ပြုငွေအား ပြည်နယ်လူမှုရေးရာဝန်ကြီး၏ ဇနီးမှလည်းကောင်း၊ ကျန်းမာရေးအဖွဲ့ ဂုဏ်ပြုငွေအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ဇနီးမှ လည်းကောင်း၊ ရေပြင်သက်ကယ်အဖွဲ့ ဂုဏ်ပြုငွေအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှ လည်းကောင်း၊ အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲ နှစ်သိမ့်ဆုများအား ပြည်နယ်ဥပဒေချုပ်မှ လည်းကောင်း၊ အမျိုးသား(၅)တက်လှော်ပြိုင်ပွဲ နှစ်သိမ့်ဆုများအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ အမျိုးသမီး(၇)တက်လှော်ပြိုင်ပွဲ နှစ်သိမ့်ဆုများအား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးမှ လည်းကောင်း၊ အမျိုးသား(၇)တက်လှော်ပြိုင်ပွဲ နှစ်သိမ့်ဆုများအား ပြည်နယ်လူမှုရေးရာဝန်ကြီးမှ လည်းကောင်း၊ အမျိုးသား(၂၀)တက်လှော်ပြိုင်ပွဲ နှစ်သိမ့်ဆုများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ လည်းကောင်း၊

အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲ ပထမဆု ဂျိုင်းအသင်း၊ ဒုတိယဆု ကော့ထမလိန်းအသင်း၊ တတိယဆုရရှိသော မိဇံ အသင်းတို့အား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးမှ လည်းကောင်း၊ အမျိုးသား(၅)တက်လှော်ပြိုင်ပွဲ ပထမဆု မြို့မအသင်း၊ ဒုတိယဆု ကော့ထမလိန်းအသင်း၊ တတိယဆုရရှိသော ဇာသပြင်အသင်းတို့အား ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ လည်းကောင်း၊ အမျိုးသမီး (၇)တက်လှော်ပြိုင်ပွဲ ပထမဆု မြို့မအသင်း၊ ဒုတိယဆု မိဇံအသင်း၊ တတိယဆုရရှိသော ဝတ်ကြီးအသင်းတို့အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ လည်းကောင်း၊ အမျိုးသား(၇)တက်လှော်ပြိုင်ပွဲ ပထမဆု မြို့မအသင်း၊ ဒုတိယဆု ကော့ထမလိန်းအသင်း၊ တတိယဆုရရှိသော ဇာသပြင်အသင်းတို့အား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ အမျိုးသား(၂၀)တက်လှော်ပြိုင်ပွဲ ပထမဆု မိဇံအသင်း၊ ဒုတိယဆု မြို့မအသင်း၊ တတိယဆုရရှိသော ဝတ်ကြီးအသင်းတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ လည်းကောင်း စသည်ဖြင့် အသီးသီး ဆုများချီးမြှင့်ခဲ့ကြပါသည်။