အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကမ္ဘောဒီးယားနိုင်ငံ ခြင်းလုံးအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ခြင်းလုံးအားကစားနည်းအား မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားသမားများနှင့်အတူ ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန် မြန်မာနိုင်ငံသို့လာရောက်

နေပြည်တော်၊ ဒီဇင်ဘာ(၁၃)ရက်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ ခြင်းလုံးအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား(၃၆)ဦးတို့သည် မြန်မာနိုင်ငံသို့လာရောက်၍ ခြင်းလုံးအားကစားနည်းအား မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားသမားများနှင့်အတူ ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန်  ရန်ကုန်မြို့မှ နေပြည်တော်သို့ ထွက်ခွာခဲ့ရာ ယနေ့နံနက်(၁၁)နာရီခွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အမြန်လမ်း(၁၁၅)မိုင်သို့ သွားရောက်ကြိုဆိုခဲ့ပြီး ရွှေပြည် စားသောက်ဆိုင်၌ နေ့လယ်စာ စားသောက်မှုများ အဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် မွန်းလွဲ(၂)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)သို့ ရောက်ရှိခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် တာဝန်ရှိသူများသည် ကမ္ဘောဒီးယားခြင်းလုံးအားကစားအဖွဲ့အား နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီးနောက် တည်းခိုနေထိုင်စားသောက်မှုများ အဆင်ပြေစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။