အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်၊ ဒီဇင်ဘာလ (၁၆)ရက်။

ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်( ၉၀၀)နာရီအချိန် ပြည်နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်

အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယက ဥက္ကဌနှင့် အဖွဲ့ဝင်များ အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လူငယ်သင်တန်းကျောင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ. သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း မြန်မာ့လက်ရွေးစင်နှင့် ပြည်နယ်လက်ရွေးစင် အားကစားသမားများက မြန်မာ့သိုင်း သရုပ်ပြသခြင်း ပြည်နယ်ဝန်ကြီးချုပ်မှ သရုပ်ပြသသူများဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း လူငယ်သင်တန်းကျောင်းများအား အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ သင်တန်းနည်းပြဆရာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၃)သိန်းကျပ် ချီးမြှင့်ခဲ့ပါသည်

အမျိုးသားသင်တန်းကျောင်းမှ သင်တန်းသား(၆၀)ဦးနှင့် အမျိုးသမီးသင်တန်းကျောင်းမှ သင်တန်းသူ (၁၀၀)ဦး တို့အား (၁၆.၁၂.၂၀၂၁) ရက်နေ့မှ ကချင်ပြည်နယ်နေ့ဖြစ်သည့် (၁၀.၁.၂၀၂၂)ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပါသည်