အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲ

အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲ အာရှရုံတွင်းနှင့်ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲ (Asian Indoor and Martial Arts Games) သည် အာရှမိုးလုံလေလုံအားကစားပြိုင်ပွဲများနှင့် အာရှကိုယ်ခံပညာ ကစားနည်းများ ပေါင်းစည်းယှဉ်ပြိုင်သော အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး အဆိုပါ အားကစားပြိုင်ပွဲကို အာရှ အိုလံပစ်ကောင်စီ (OCA) ကြီးကြပ်သည်။ အာရှအိုလံပစ်ကော်မတီအသိအမှတ်ပြု ၄၅ နိုင်ငံနှင့် ပင်လယ်သမုဒ္ဒရာပိုင်းဒေသ အမျိုးသားအိုလံပစ်ကော်မတီ ၁၈ နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၇ ခုနှစ် အာရှရုံတွင်းအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း (အမျိုးသား /အမျိုးသမီး) အားကစားနည်း မှ ငွေတံဆိပ် (၁)ခုစီ၊ ၂၀၀၉ ခုနှစ် အာရှကိုယ်ခံပညာ ပေါင်းစုံပြိုင်ပွဲတွင် ဝူရှုးအားကစားနည်းမှ ငွေတံဆိပ် (၁) ခုနှင့် ကြေးတံဆိပ် (၁) တစ်ခုနှင့် ၂၀၁၃ ခုနှစ် အာရှရုံတွင်းနှင့်ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွင် ဘိလိယက်ကစားနည်းမှ […]