လူငယ်ရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

(က) နိုင်ငံတကာအသိုက်အဝန်းတွင် မြန်မာလူငယ်များ၏ အဆင့်အတန်းမြင့်မားစေရေးအတွက် ဖော်ဆောင်ပေးရေး။

( ခ ) လူငယ်များ နိုင်ငံ့သားကောင်းပီသစွာနေထိုင်ပြီး လေးစားစွာ လိုက်နာဆောင်ရွက်ရေး။

( ဂ ) လူငယ်တို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ စီပွားရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး။

(ဃ) အားကစားကဏ္ဍာတွင် မသန်စွမ်းအားကစားသမားများ အပါအဝင် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး။

( င ) မသန်စွမ်းလူငယ်များ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များဘဝ မြှင့်တင်ပေးရေး။

( စ ) လူငယ်များ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး။

(၁) စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

(က) ဝန်ထမ်းရေးရာကိစ္စများ ဆောင်ရွက်ခြင်း၊

( ခ ) စီမံခန့်ခွဲရေးကိစ္စများ ဆောင်ရွက်ခြင်း၊

( ဂ ) ဘဏ္ဍာရေးဆိုင်ရာ ကိစ္စအဝဝ ဆောင်ရွက်ခြင်း၊

(ဃ) သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်ပါပစ္စည်းများ ဝယ်ယူသိုလှောင် ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးပေးခြင်း၊

( င ) တိုင်းဒေသကြီး/ ပြည်နယ်/ ဒေသ/ ခရိုင်/ မြို့နယ် လူငယ်ရေးရာဦးစီးဌာနရှိ ဝန်ထမ်းရေးရာကိစ္စ၊ ဘဏ္ဍာရေးရာကိစ္စများ ဆောင်ရွက်ပေးခြင်း၊

( စ ) စီမံကိန်းရေးဆွဲရေးအတွက် လိုအပ်သောအချက်အလက်များကို စုစည်းခြင်း၊ စိစစ်ခြင်း၊ ရေးဆွဲပြုစုခြင်းများအတွက် သက်ဆိုင်ရာဌာနခွဲများသို့ ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဆ) တိုင်းဒေသကြီး/ ပြည်နယ်/ ဒေသ/ ခရိုင်/ မြို့နယ်များမှ သတ်မှတ်ထားသော အစီရင်ခံစာများ ပုံမှန်တင်ပြရေးအတွက် ကြပ်မတ်ခြင်း။

(၂) လူ့စွမ်းအားအရင်းအမြစ်၊ လေ့ကျင့်ရေးနှင့်အသိပညာပေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

(က) လူငယ်တိုင်း အခြေခံပညာကို ဆုံးခန်းတိုင်သင်ကြားနိုင်ရေး၊ ပညာထူးချွန်စွာ သင်ကြားနိုင်ပြီး နိုင်ငံတော်အကျိုး သယ်ပိုးလိုသော လူငယ်များ ဖြစ်လာစေရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခြင်း၊

( ခ ) လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေး စသည့် ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ 

( ဂ ) စွမ်းဆောင်ရေး မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ပြည်တွင်း/ပြည်ပ လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊ လူငယ်ရေးရာကဏ္ဍ ဖွံ့ဖြိုးမှုဆိုင်ရာသင်တန်းများ၊ နိုင်ငံတော်မှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ စေလွှတ်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊

(ဃ) ပြည်တွင်း/ပြည်ပ နှီးနှောဖလှယ်ပွဲ အစီအစဉ်များ မြှင့်တင်ချိတ်ဆက်ခြင်း၊ နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍများ ပိုမိုအားကောင်းလာစေရန်အတွက် ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊

 

(၃) သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

(က) လူငယ်ရေးရာဆောင်ရွက်ချက်များကို သတင်း/မှတ်တမ်းထားရှိ၍ ရုပ်မြင်သံကြား၊ စာနယ်ဇင်းနှင့် စာစောင်များမှ တစ်ဆင့် ထုတ်ပြန်ပေးခြင်း၊

( ခ ) လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာသို့ ပညာတော်သင်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်း၊ လေ့လာရေး၊ အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့ စေလွှတ်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊

( ဂ ) လူငယ်များဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သော အကူအညီများ ရရှိစေရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း။

(၄) မသန်စွမ်းလူငယ်ရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များ

(က) မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များဘဝမြှင့်တင်ရေး ဆောင်ရွက်ပေးခြင်း။

( ခ ) မသန်စွမ်းလူငယ်ကလေးများအား သက်မွေးပညာရပ်များသင်ကြားနိုင်ရေးနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ပေးခြင်း။

( ဂ ) တိုင်းဒေသကြီး/ပြည်နယ်များတွင် မသန်စွမ်းမှု အမျိုးအစားအလိုက် အသိပညာပေးခြင်းနှင့် အားကစားသင်တန်းများသို့ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း။

(ဃ) မသန်စွမ်းလူငယ်များအတွက် အလွယ်တကူကစားနိုင်မည့်နေရာများနှင့် အားကစားကွင်း/ အားကစားရုံများ စီစဉ်ဆောင်ရွက်ပေးခြင်း။

( င ) တိုင်းဒေသကြီး/ပြည်နယ်များမှ ထူးချွန်သော မသန်စွမ်း အားကစားသမားများအား ရွေးချယ်၍ စခန်းသွင်းပြီး နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆောင်ရွက်ပေးခြင်း။