အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများလိုက်ပါ၍ (တွံတေးမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပေါက်က္ကံမြို့နယ်) အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်တာဝန်ခံ အားကစားမှူးတို့မှ မိမိတို့၏ ခရိုင်၊ မြို့နယ်များရှိ အားကစားကွင်း/အားကစားရုံ များ၏ ရာဇဝင်နှင့် တည်နေရာများအား Google Map, Layout Plan များအား ကားချပ်ဖြင့် ပြုလုပ်ပြီး ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်ပြင်ဆင်ထားရှိရန်နှင့် မိမိတို့၏ အားကစားကွင်း/အားကစားရုံ ဘေးပတ်ဝန်းကျင်များတွင် သန့်ရှင်သာယာမှု ရှိစေရေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။